သိန္း(၃၀) စုေဆာင္းေငြရွိမယ္၊ လစဥ္ က်ပ္ငါးေသာင္း ေပးသြင္းနိုင္ၿပီဆိုတာနဲ႔ ကိုယ္ပိုင္တိုက္ခန္းတစ္ခန္း ပိုင္ဆိုင္ဖို႔ အခြင့္အေရးရွိေနပါၿပီ

သိန္း ၃၀ စုေဆာင္းေငြရွိမယ္၊ လစဥ္ က်ပ္ ငါးေသာင္း သြင္းနိုင္ၿပီဆိုတာနဲ႕ ကိုယ္ပိုင္ တိုက္ခန္း တစ္ခန္း ပိုင္ဖို႔ အခြင့္အေရးရွိေနပါၿပီ။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) “တန္ဖိုးနည္း၊ တန္ဖိုးသင့္ တိုက္ခန္းမ်ားကို

အရင္းအႏွီးနည္းနည္းျဖင့္ ဝယ္လို႔ရေနပါၿပီ”။ အဆင္မွီကြန္ဒိုမ်ားကိုလည္း လူလတ္တန္းစားမ်ား လက္လွမ္းမွီေသာတန္ဖိုးမ်ားျဖင့္ ေရာင္းခ်နိဳင္မယ္ဆို ပိုမိုေကာင္းမြန္မယ္လို႔ ထင္တဲ့အတြက္ ဒီအႀကံေလးကို တင္ျပပါတယ္။ ခုဆို သိန္း ၃၀ စုေဆာင္းေငြရွိမယ္၊ လစဥ္ က်ပ္ငါးေသာင္း

သြင္းနိုင္ၿပီဆိုတာနဲ႔ ကိုယ္ပိုင္တိုက္ခန္းတစ္ခန္းပိုင္ဖို႔ အခြင့္အေရးရွိေနပါၿပီ။ တန္ဖိုးသင့္ဆိုရင္ေတာ့ စုေဆာင္းေငြနဲ႕ လစဥ္သြင္းရတဲ့ေငြ ပိုမ်ားမွာေပါ့။ တိုက္ခန္းတန္ဖိုးေတြက သိန္း ၈၀ကေနစၿပီး၊ သိန္း ၆၀၀ေလာက္အတြင္း အစားစားေပါ့။ ေနရာ၊ ကြာလတီ၊ အက်ယ္အဝန္း

အလႊာေတြေပၚမူတည္ၿပီး ေဈးေတြေတာ့ ကြာသြားမွာေပါ့ေနာ္။ အစိုးရအေကာင္အထည္ေဖာ္ေနတဲ့ ျမန္မာနိုင္ငံတစ္ဝန္းမွာရွိတဲ့ တန္ဖိုးနည္း၊ တန္ဖိုးသင့္ အခန္းေပါင္း တစ္သိန္းေက်ာ္ထဲကေန ကိုယ္နဲ႔သင့္ေတာ္ရာကို ေ႐ြးခ်ယ္ ဝယ္ယူနိုင္တဲ့ အခြင့္အေရးရွိမယ္။ ကိုယ္ဖက္ကေတာ့ CHIDဘဏ္မွာ စုေဆာင္းေငြေတာ့ အရင္ရွိရမယ္။

သိန္း ၃၀ျပည့္ၿပီဆိုတာနဲ႔ တိုက္ခန္းမဲႏွိုက္ဖို႔ အခြင့္အေရးရမယ္။ အားသာခ်က္က စုေဆာင္းေငြကိုလည္း ဘဏ္တိုးက တစ္ႏွစ္ကို ၅.၂၅ရာခိုင္ႏႈန္းအတိုးရေနမယ္။ ကိုယ္ သတ္မွတ္ထားတဲ့ စုေဆာင္းေငြလည္းျပည့္မယ္၊ စီနီယာနံပါတ္ အလွည့္ေရာက္မယ္ဆိုရင္ အိမ္ယာတစ္ခုခုမွာ

မဲႏွိုက္ခြင့္ရမယ္။ အိမ္ယာေတြကိုေတာ့ DUHD Housing Sales ေပ့ခ်္မွာ သြားၾကည့္ရမယ္။ သူကေတာ့ အိုးအိမ္ဦးစီးက တန္ဖိုးနည္း/သင့္ အိမ္ယာေတြကို ေရာင္းတဲ့ဌာနေပါ့။ အဲ့ဒီမွာ ပြင့္လင္းျမင္သာစြာ မဲႏွိုက္ေပးမယ္၊ ကိုယ္ေပါက္တဲ့မဲအလိုက္ အခန္းရမယ္၊ အလႊာေတြဘာေတြ

ရတာေတာ့ ကံေပါ့။ အားသာခ်က္ေနာက္တစ္ခုက အဲလို ဝယ္ခြင့္ရရင္ အခန္းတန္ဖိုး ၃၀ရာခိုင္ႏႈန္းသြင္းၿပီးတာနဲ႔ တက္ေနနိုင္တယ္။ က်န္ေငြ ၇၀ရာခိုင္ႏႈန္းကိုလည္း JICA ODA Loanလို႔ေခၚတဲ့ (Japan International Corporation Agencyရဲ႕ Official Development

Assistant)ကတစ္ဆင့္ ေငြေခ်းၿပီးဝယ္ယူခြင့္ရမယ္။ အဲ့ဒီ Loanက အတိုးနည္းတယ္။ တစ္ႏွစ္လုံးမွ ၅.၅ရာခိုင္ႏႈန္းပဲ။ ဥပမာ သိန္း ၁၀၀ေခ်းမွ တစ္ႏွစ္ကို အတိုး ၅သိန္းခြဲ၊ တစ္လကို အတိုး ၄၈၃၀၀က်ပ္ပဲ ေပးရမယ္။ အရပ္ထဲမွာဆို အနည္းဆုံး တစ္လ ၃သိန္းကေန ၅သိန္းေပးရမွာေလ

ဒါေတာင္ တစ္ကယ္က JICAက ျမန္မာအစိုးရကို ေခ်းတာက ODAျဖစ္တဲ့အတြက္ တစ္ႏွစ္ကိုမွ အတိုးႏႈန္း ဝ.၅ရာခိုင္ႏႈန္းေလာက္နဲ႔ ေခ်းတာ။ ဒါေပမယ့္ ေခ်းတာက ဂ်ပန္ယန္းေငြ (သို႔) ေဒၚလာေငြနဲ႔ျဖစ္တဲ့အတြက္ currency risk ကို ဗဟိုဘဏ္က တာဝန္ယူလိုက္တယ္ အဲ့ဒီအတြက္

၂.၅ရာခိုင္ႏႈန္း ယူလိုက္တယ္။ ေနာက္တစ္ခုက ဘဏ္ဖက္ကလည္း ေငြေခ်းသူေၾကာင့္ ျဖစ္ေပၚလာနိုင္တဲ့ risk ေတြ၊ transaction cost ေတြအတြက္ ၂.၅ရာခိုင္ႏႈန္းယူရတယ္။ အဲ့ဒါေၾကာင့္ ၅.၅ရာခိုင္ႏႈန္းျဖစ္သြားတာ။ အခ်ိန္တန္ရင္ေတာ့ ေခ်းထားတဲ့ေငြကို အျပည့္ျပန္ေပးရမွာကိုး။

အခု ေအာက္မွာျပထားတဲ့ သီလဝါမွာ ေဆာက္ၿပီးသြားတဲ့ တန္ဖိုးနည္း အိမ္ယာဆိုရင္အက်ဥ္းဆုံးအခန္းျဖစ္တဲ့ ၃၈၄ စတုရန္းေပ၊ စတုတၳအထပ္ကို ၉၉သိန္းနဲ႔ ေရာင္းခ်ေပးသြားမွာပဲ ျဖစ္ပါတယ္။ တစ္ေယာက္ထဲေနသူ (သို႔) လင္မယားႏွစ္ေယာက္အတြက္ဆို ေနဖို႔ရွိတယ္ ဆို႐ုံေပါ့။

ေဈးနဲ႔ အလႊာေပၚမူတည္ၿပီး ၃၈၄ စတုရန္းေပ ကေန ၉၄၀ စတုရန္းေပထိ အမ်ိဳးမ်ိဳးပါဝင္တယ္။ တစ္နိုင္ငံလုံးမွာဆို အဲလိုအခန္းေပါင္း သိန္းေက်ာ္ ေဖာ္ထုတ္ေနတယ္။ CHIDဘဏ္မွာ ၃၀ရာခိုင္ႏႈန္းျဖစ္တဲ့ သိန္း ၃၀ကိုေတာ့ အရင္စု၊ အဲ့လို စုၿပီးလို႔ မဲႏွိုက္ခြင့္က်လို႔

အဲ့လို ၉၉သိန္းတန္အခန္း မဲေပါက္တယ္ဆိုရင္။ ေခ်းေငြ စာ႐ြက္စာတမ္းေတြ ျပည့္စုံၿပီဆိုတာနဲ႔ တက္ေန႐ုံပဲ၊ တစ္လကို ငါးေသာင္းဝန္းက်င္(အတိုးေကာ၊ အရင္းေကာေပါင္းထား) ေပးေန႐ုံနဲ႔ ၁၅ႏွစ္ျပည့္ရင္ ဒီအခန္း ကိုယ္ပိုင္မယ္။ တစ္ခ်ိဳ႕အိမ္ယာေတြမွာေတာ့ အိမ္ယာထိမ္းသိန္းခ

ေပးရမယ္၊ အိမ္ယာမွာ ေနထိုင္တဲ့သူေတြ ညီတဲ့အေပၚမူတည္ၿပီးေတာ့ ေရရွည္မွာ အိမ္ယာေတြ တန္ဖိုးကြဲသြားမယ္။ တိုက္ခန္းေတြရဲ႕တန္ဖိုးကေတာ့ တန္တယ္ေျပာရမယ္။ တစ္ေပပတ္လည္ကို အၾကမ္းဖ်ဥ္း ၂ေသာင္းေက်ာ္ပဲ ရွိတာကိုး။ ဒါက ေဆာက္စရိတ္ပဲရွိတယ္ေလ။

အစိုးရက ေျမႀကီးဖိုးလည္းစိုက္တယ္၊ ေရ၊ မီး၊ လမ္း၊ ေျမာင္းနဲ႔ အေျခခံအေဆာက္အအုံဖိုးေတြ က်ခံေပးထားတဲ့သေဘာပဲ။တစ္ခုပဲ ရွိတယ္။ ၁၅ႏွစ္ျပည့္လို႔ အခန္းလည္းေငြေၾက၊ တိုက္ကလည္း ေနလို႔မရေအာင္ အရည္အေသြးညံ့တယ္ဆိုရင္ေတာ့ မတန္ဖူးေပါ့။ တန္ဖိုးသင့္ထဲမွာဆိုလည္း

ဓာတ္ေလွခါးနဲ႔ ကားပါကင္ပါတာေတြကို သိန္း ၆၀၀ေလာက္နဲ႔ရနိုင္တယ္။ အဲ့လိုမ်ိဳးဆိုရင္ေတာ့ စုေဆာင္ေငြက ၃၀ရာခိုင္ႏႈန္းျဖစ္တဲ့ သိန္း ၁၈၀ရွိရမွာေပါ့။ လစဥ္ ျပန္ဆပ္ေငြလည္း မ်ားသြားမွာေပါ့။ ဒါေပမယ့္ အတိုးႏႈန္း ၅.၅ရာခိုင္ႏႈန္းကေတာ့ တန္ပါတယ္။ ပုံမွန္ လုပ္ငန္းလုပ္ဖို႔

ေငြေခ်းရင္ေတာင္ ၁၀ရာခိုင္ႏႈန္းအတိုးနဲ႔ေတာင္ လြယ္လြယ္ကူကူ မရဘူးေလ။ CHID ဘဏ္အေနနဲ႔ တန္ဖိုးနည္း၊ တန္ဖိုးသင့္တင္မကဘူး၊ အဆင္မွီကြန္ဒိုအခန္းေတြကိုလည္း ေရာင္းေပးသင့္ပါတယ္။ ေဆာက္ထားၿပီးသားမရွိေသးရင္ ရန္ကုန္မွာ ေရာင္းဖို႔ရွိေနတဲ့ private

condominium ေတြကို အတိုးႏႈန္းတစ္ခုထားၿပီး ေရာင္းခ်မယ္ဆို၊ ပိုအဆင္ေျပလာမယ္ထင္ပါတယ္။ အတိုးႏႈန္းကိုလည္း 5.5ရာခိုင္ႏႈန္းေလာက္မဟုတ္ပဲ၊ 7ရာခိုင္ႏႈန္းေလာက္ဆို အဆင္ေျပမယ္ထင္ပါတယ္။ အေျခခံလူတန္းစားေတြအတြက္ အတိုးႏႈန္း 5.5ရာခိုင္ႏႈန္း

လူလတ္တန္းစားေတြအတြက္ 7ရာခိုင္ႏႈန္းဆို ဝယ္တဲ့သူလည္း အတိုးသက္သာ၊ ဘဏ္ဖက္ကလည္း အတိုးပိုရ၊ တိုက္ခန္းေတြမ်ားၿပီး ေငြမလည္တဲ့ ေဆာက္လုပ္ေရးလုပ္ငန္းရွင္ေတြလည္း ေငြေတြလည္သြားမယ္လို႔ ထင္ပါတယ္။ ပုံမွန္ Home loanအတိုးက တစ္ႏွစ္ကို 10ရာခိုင္ႏႈန္းပါ။

တခ်ိဳ႕ဘဏ္ႀကီးေတြကေတာ့ သူတို႔ဝန္ထမ္းေတြကို အတိုးႏႈန္း 7ရာခိုင္ႏႈန္းနဲ႔ အိမ္ယာေခ်းေငြ လုပ္ေပးေနပါတယ္။ လူလတ္တန္းစားေတြအတြက္ အဲ့လို 7ရာခိုင္ႏႈန္းနဲ႔ အဆင္မွီကြန္ဒိုေတြကိုသာ CHID ကသာ လုပ္ေပးမယ္ဆိုရင္။ ေဆာက္လုပ္ေရး၊ အိမ္ယာႏွင့္

အေျခခံအေဆာက္အအုံေဈးကြက္ ပိုမိုဖြံ႕ၿဖိဳးလာၿပီး၊ လူတိုင္း လက္လွမ္းမွီၿပီး ႀကိဳးစားသူတိုင္း အိမ္ပိုင္ျဖစ္လာမွာျဖစ္ေၾကာင္း ေရးသားတင္ျပလိုက္ပါတယ္ခင္ဗ်ာ။ ေအာင္မိုးလြင္ (ေၾကးမုံမွာပါေသာ သတင္းကို အေျချပဳၿပီး၊ CHID bank ေပ့ခ်္ႏွင့္ DUHD housing sales ေပ့ခ်္မ်ားမွ

အခ်က္အလက္မ်ား၊ ပုံမ်ားကို တင္ထားေပးတာပါ။ ကြၽန္ေတာ္ နားလည္မႈလြဲေသာ အခ်က္အလက္မ်ားကိုလည္း ျပင္ေပးပါခင္ဗ်ာ။) အခ်ိန္ေပးဖတ္႐ႈေပးၾကတဲ့ စာဖတ္ပရိသတ္အေပါင္းအား ေက်းဇူးအထူးတင္႐ွိပါတယ္။ သာယာခ်မ္းေျမ့ေသာဘဝကို ပိုင္ဆိုင္၍ စီးပြားဥစၥာမ်ား တိုးတက္ႀကီးပြားၾကပါေစ။ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

သိန်း ၃၀ စုဆောင်းငွေရှိမယ်၊ လစဉ် ကျပ် ငါးသောင်း သွင်းနိုင်ပြီဆိုတာနဲ့ ကိုယ်ပိုင် တိုက်ခန်း တစ်ခန်း ပိုင်ဖို့ အခွင့်အရေးရှိနေပါပြီ။ “တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို

အရင်းအနှီးနည်းနည်းဖြင့် ဝယ်လို့ရနေပါပြီ”။ အဆင်မှီကွန်ဒိုများကိုလည်း လူလတ်တန်းစားများ လက်လှမ်းမှီသောတန်ဖိုးများဖြင့် ရောင်းချနိုင်မယ်ဆို ပိုမိုကောင်းမွန်မယ်လို့ ထင်တဲ့အတွက် ဒီအကြံလေးကို တင်ပြပါတယ်။ ခုဆို သိန်း ၃၀ စုဆောင်းငွေရှိမယ်၊ လစဉ် ကျပ်ငါးသောင်း

သွင်းနိုင်ပြီဆိုတာနဲ့ ကိုယ်ပိုင်တိုက်ခန်းတစ်ခန်းပိုင်ဖို့ အခွင့်အရေးရှိနေပါပြီ။ တန်ဖိုးသင့်ဆိုရင်တော့ စုဆောင်းငွေနဲ့ လစဉ်သွင်းရတဲ့ငွေ ပိုများမှာပေါ့။ တိုက်ခန်းတန်ဖိုးတွေက သိန်း ၈၀ကနေစပြီး၊ သိန်း ၆၀၀လောက်အတွင်း အစားစားပေါ့။ နေရာ၊ ကွာလတီ၊ အကျယ်အဝန်း

အလွှာတွေပေါ်မူတည်ပြီး ဈေးတွေတော့ ကွာသွားမှာပေါ့နော်။ အစိုးရအကောင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်းပေါင်း တစ်သိန်းကျော်ထဲကနေ ကိုယ်နဲ့သင့်တော်ရာကို ရွေးချယ် ဝယ်ယူနိုင်တဲ့ အခွင့်အရေးရှိမယ်။ ကိုယ်ဖက်ကတော့ CHIDဘဏ်မှာ စုဆောင်းငွေတော့ အရင်ရှိရမယ်။

သိန်း ၃၀ပြည့်ပြီဆိုတာနဲ့ တိုက်ခန်းမဲနှိုက်ဖို့ အခွင့်အရေးရမယ်။ အားသာချက်က စုဆောင်းငွေကိုလည်း ဘဏ်တိုးက တစ်နှစ်ကို ၅.၂၅ရာခိုင်နှုန်းအတိုးရနေမယ်။ ကိုယ် သတ်မှတ်ထားတဲ့ စုဆောင်းငွေလည်းပြည့်မယ်၊ စီနီယာနံပါတ် အလှည့်ရောက်မယ်ဆိုရင် အိမ်ယာတစ်ခုခုမှာ

မဲနှိုက်ခွင့်ရမယ်။ အိမ်ယာတွေကိုတော့ DUHD Housing Sales ပေ့ချ်မှာ သွားကြည့်ရမယ်။ သူကတော့ အိုးအိမ်ဦးစီးက တန်ဖိုးနည်း/သင့် အိမ်ယာတွေကို ရောင်းတဲ့ဌာနပေါ့။ အဲ့ဒီမှာ ပွင့်လင်းမြင်သာစွာ မဲနှိုက်ပေးမယ်၊ ကိုယ်ပေါက်တဲ့မဲအလိုက် အခန်းရမယ်၊ အလွှာတွေဘာတွေ

ရတာတော့ ကံပေါ့။ အားသာချက်နောက်တစ်ခုက အဲလို ဝယ်ခွင့်ရရင် အခန်းတန်ဖိုး ၃၀ရာခိုင်နှုန်းသွင်းပြီးတာနဲ့ တက်နေနိုင်တယ်။ ကျန်ငွေ ၇၀ရာခိုင်နှုန်းကိုလည်း JICA ODA Loanလို့ခေါ်တဲ့ (Japan International Corporation Agencyရဲ့ Official Development

Assistant)ကတစ်ဆင့် ငွေချေးပြီးဝယ်ယူခွင့်ရမယ်။ အဲ့ဒီ Loanက အတိုးနည်းတယ်။ တစ်နှစ်လုံးမှ ၅.၅ရာခိုင်နှုန်းပဲ။ ဥပမာ သိန်း ၁၀၀ချေးမှ တစ်နှစ်ကို အတိုး ၅သိန်းခွဲ၊ တစ်လကို အတိုး ၄၈၃၀၀ကျပ်ပဲ ပေးရမယ်။ အရပ်ထဲမှာဆို အနည်းဆုံး တစ်လ ၃သိန်းကနေ ၅သိန်းပေးရမှာလေ

ဒါတောင် တစ်ကယ်က JICAက မြန်မာအစိုးရကို ချေးတာက ODAဖြစ်တဲ့အတွက် တစ်နှစ်ကိုမှ အတိုးနှုန်း ဝ.၅ရာခိုင်နှုန်းလောက်နဲ့ ချေးတာ။ ဒါပေမယ့် ချေးတာက ဂျပန်ယန်းငွေ (သို့) ဒေါ်လာငွေနဲ့ဖြစ်တဲ့အတွက် currency risk ကို ဗဟိုဘဏ်က တာဝန်ယူလိုက်တယ် အဲ့ဒီအတွက်

၂.၅ရာခိုင်နှုန်း ယူလိုက်တယ်။ နောက်တစ်ခုက ဘဏ်ဖက်ကလည်း ငွေချေးသူကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ risk တွေ၊ transaction cost တွေအတွက် ၂.၅ရာခိုင်နှုန်းယူရတယ်။ အဲ့ဒါကြောင့် ၅.၅ရာခိုင်နှုန်းဖြစ်သွားတာ။ အချိန်တန်ရင်တော့ ချေးထားတဲ့ငွေကို အပြည့်ပြန်ပေးရမှာကိုး။

အခု အောက်မှာပြထားတဲ့ သီလဝါမှာ ဆောက်ပြီးသွားတဲ့ တန်ဖိုးနည်း အိမ်ယာဆိုရင်အကျဉ်းဆုံးအခန်းဖြစ်တဲ့ ၃၈၄ စတုရန်းပေ၊ စတုတ္ထအထပ်ကို ၉၉သိန်းနဲ့ ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။ တစ်ယောက်ထဲနေသူ (သို့) လင်မယားနှစ်ယောက်အတွက်ဆို နေဖို့ရှိတယ် ဆိုရုံပေါ့။

ဈေးနဲ့ အလွှာပေါ်မူတည်ပြီး ၃၈၄ စတုရန်းပေ ကနေ ၉၄၀ စတုရန်းပေထိ အမျိုးမျိုးပါဝင်တယ်။ တစ်နိုင်ငံလုံးမှာဆို အဲလိုအခန်းပေါင်း သိန်းကျော် ဖော်ထုတ်နေတယ်။ CHIDဘဏ်မှာ ၃၀ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၃၀ကိုတော့ အရင်စု၊ အဲ့လို စုပြီးလို့ မဲနှိုက်ခွင့်ကျလို့

အဲ့လို ၉၉သိန်းတန်အခန်း မဲပေါက်တယ်ဆိုရင်။ ချေးငွေ စာရွက်စာတမ်းတွေ ပြည့်စုံပြီဆိုတာနဲ့ တက်နေရုံပဲ၊ တစ်လကို ငါးသောင်းဝန်းကျင်(အတိုးကော၊ အရင်းကောပေါင်းထား) ပေးနေရုံနဲ့ ၁၅နှစ်ပြည့်ရင် ဒီအခန်း ကိုယ်ပိုင်မယ်။ တစ်ချို့အိမ်ယာတွေမှာတော့ အိမ်ယာထိမ်းသိန်းခ

ပေးရမယ်၊ အိမ်ယာမှာ နေထိုင်တဲ့သူတွေ ညီတဲ့အပေါ်မူတည်ပြီးတော့ ရေရှည်မှာ အိမ်ယာတွေ တန်ဖိုးကွဲသွားမယ်။ တိုက်ခန်းတွေရဲ့တန်ဖိုးကတော့ တန်တယ်ပြောရမယ်။ တစ်ပေပတ်လည်ကို အကြမ်းဖျဉ်း ၂သောင်းကျော်ပဲ ရှိတာကိုး။ ဒါက ဆောက်စရိတ်ပဲရှိတယ်လေ။

အစိုးရက မြေကြီးဖိုးလည်းစိုက်တယ်၊ ရေ၊ မီး၊ လမ်း၊ မြောင်းနဲ့ အခြေခံအဆောက်အအုံဖိုးတွေ ကျခံပေးထားတဲ့သဘောပဲ။တစ်ခုပဲ ရှိတယ်။ ၁၅နှစ်ပြည့်လို့ အခန်းလည်းငွေကြေ၊ တိုက်ကလည်း နေလို့မရအောင် အရည်အသွေးညံ့တယ်ဆိုရင်တော့ မတန်ဖူးပေါ့။ တန်ဖိုးသင့်ထဲမှာဆိုလည်း

ဓာတ်လှေခါးနဲ့ ကားပါကင်ပါတာတွေကို သိန်း ၆၀၀လောက်နဲ့ရနိုင်တယ်။ အဲ့လိုမျိုးဆိုရင်တော့ စုဆောင်ငွေက ၃၀ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၁၈၀ရှိရမှာပေါ့။ လစဉ် ပြန်ဆပ်ငွေလည်း များသွားမှာပေါ့။ ဒါပေမယ့် အတိုးနှုန်း ၅.၅ရာခိုင်နှုန်းကတော့ တန်ပါတယ်။ ပုံမှန် လုပ်ငန်းလုပ်ဖို့

ငွေချေးရင်တောင် ၁၀ရာခိုင်နှုန်းအတိုးနဲ့တောင် လွယ်လွယ်ကူကူ မရဘူးလေ။ CHID ဘဏ်အနေနဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်တင်မကဘူး၊ အဆင်မှီကွန်ဒိုအခန်းတွေကိုလည်း ရောင်းပေးသင့်ပါတယ်။ ဆောက်ထားပြီးသားမရှိသေးရင် ရန်ကုန်မှာ ရောင်းဖို့ရှိနေတဲ့ private

condominium တွေကို အတိုးနှုန်းတစ်ခုထားပြီး ရောင်းချမယ်ဆို၊ ပိုအဆင်ပြေလာမယ်ထင်ပါတယ်။ အတိုးနှုန်းကိုလည်း 5.5ရာခိုင်နှုန်းလောက်မဟုတ်ပဲ၊ 7ရာခိုင်နှုန်းလောက်ဆို အဆင်ပြေမယ်ထင်ပါတယ်။ အခြေခံလူတန်းစားတွေအတွက် အတိုးနှုန်း 5.5ရာခိုင်နှုန်း

လူလတ်တန်းစားတွေအတွက် 7ရာခိုင်နှုန်းဆို ဝယ်တဲ့သူလည်း အတိုးသက်သာ၊ ဘဏ်ဖက်ကလည်း အတိုးပိုရ၊ တိုက်ခန်းတွေများပြီး ငွေမလည်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလည်း ငွေတွေလည်သွားမယ်လို့ ထင်ပါတယ်။ ပုံမှန် Home loanအတိုးက တစ်နှစ်ကို 10ရာခိုင်နှုန်းပါ။

တချို့ဘဏ်ကြီးတွေကတော့ သူတို့ဝန်ထမ်းတွေကို အတိုးနှုန်း 7ရာခိုင်နှုန်းနဲ့ အိမ်ယာချေးငွေ လုပ်ပေးနေပါတယ်။ လူလတ်တန်းစားတွေအတွက် အဲ့လို 7ရာခိုင်နှုန်းနဲ့ အဆင်မှီကွန်ဒိုတွေကိုသာ CHID ကသာ လုပ်ပေးမယ်ဆိုရင်။ ဆောက်လုပ်ရေး၊ အိမ်ယာနှင့်

အခြေခံအဆောက်အအုံဈေးကွက် ပိုမိုဖွံ့ဖြိုးလာပြီး၊ လူတိုင်း လက်လှမ်းမှီပြီး ကြိုးစားသူတိုင်း အိမ်ပိုင်ဖြစ်လာမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။ အောင်မိုးလွင် (ကြေးမုံမှာပါသော သတင်းကို အခြေပြုပြီး၊ CHID bank ပေ့ချ်နှင့် DUHD housing sales ပေ့ချ်များမှ

အချက်အလက်များ၊ ပုံများကို တင်ထားပေးတာပါ။ ကျွန်တော် နားလည်မှုလွဲသော အချက်အလက်များကိုလည်း ပြင်ပေးပါခင်ဗျာ။) အချိန်ပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာချမ်းမြေ့သောဘဝကို ပိုင်ဆိုင်၍ စီးပွားဥစ္စာများ တိုးတက်ကြီးပွားကြပါစေ။ လေးစားစွာဖြင့် ခရက်ဒစ်