ျပစ္ဒဏ္ရက္ေစ့လို႔ ေထာင္ကလြတ္ၿပီးတာေတာင္မွ မျပန္ၾကေသးပဲ ေထာင္သားေတြ တူးေဖာ္ခဲ့ၾကတဲ့ အက်ဥ္း ေထာင္ေျမေအာက္က တရားမဝင္စိန္တြင္း အေၾကာင္း

ေထာင္သားေတြ တူးေဖာ္ခဲ့ၾကတဲ့ အက်ဥ္းေထာင္ေျမ ေအာက္က တရားမဝင္စိန္တြင္း

ကြန္ဂိုဒီမိုကရက္တစ္သမၼတနိုင္ငံက အက်ဥ္းေထာင္တစ္ခုရဲ႕ေျမေအာက္မွာ တရားမဝင္စိန္တြင္းတစ္တြင္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။အိုစီအိုၿမိဳ႕ေန

ေထာင္အက်ဥ္းသားေတြ၊ အက်ဥ္းေထာင္အရာရွိေတြနဲ႕ ေဒသခံေနထိုင္သူေတြအားလုံးဟာ မိုင္းတြင္းမွာ စိန္ေတြကိုတူးေဖာ္ေနခဲ့ၾကပါတယ္။

အခုအခါမွာေတာ့ ေဒသတရားစီရင္ေရးဌာနက အႀကီး အကဲတစ္ဦးျဖစ္တဲ့ ဂ်ရတ္ကြန္ဘိုဇီက စိန္မိုင္းတြင္းကို ပိတ္ပစ္မွာျဖစ္ၿပီး စိန္တြင္းကို

လာေရာက္တူးေဖာ္တဲ့သူမွန္သမွ် ျပစ္ဒဏ္ခ်မွတ္မယ္လို႔ အမိန႔္ခ်မွတ္ခဲ့ပါတယ္။ ကြန္ဘိုဇီကေတာ့ စိန္တူးေဖာ္ခဲ့တဲ့ အက်ဥ္းသားေတြကို အျပစ္တင္ခဲ့ပါတယ္။

အက်ဥ္းေထာင္အေစာင့္အပါအဝင္ လူ(၃၀)ေက်ာ္ဟာ မိုင္းတြင္းကိုတူးေဖာ္ခဲ့ၾကေၾကာင္းနဲ႕ အခ်ိဳ႕ကလည္း စိန္ေသတၱာေတြနဲ႕အလုပ္မ်ားေနၿပီး အခ်ိဳ႕ကလည္း

ေျမႀကီးမွာတူးေဖာ္ေနတာေတြ႕ခဲ့ရေၾကာင္း ေျပာျပပါတယ္။ စိန္တူးသူေတြကေတာ့ (ဝ.၁) နဲ႕ (ဝ.၁၅)ဂရမ္ အသီးသီးရွိတဲ့စိန္တုံးေတြကို တူးေဖာ္ရရွိခဲ့ၿပီး ေရာင္းခ်ခဲ့ၿပီးျဖစ္ေၾကာင္း ဝန္ခံခဲ့ၾကပါတယ္။

ယူနီကုဒ်ဖြင့် ဖတ်ရန်

ထောင်သားတွေ တူးဖော်ခဲ့ကြတဲ့ အကျဉ်းထောင်မြေ အောက်က တရားမဝင်စိန်တွင်း

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက အကျဉ်းထောင်တစ်ခုရဲ့မြေအောက်မှာ တရားမဝင်စိန်တွင်းတစ်တွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။အိုစီအိုမြို့နေ

ထောင်အကျဉ်းသားတွေ၊ အကျဉ်းထောင်အရာရှိတွေနဲ့ ဒေသခံနေထိုင်သူတွေအားလုံးဟာ မိုင်းတွင်းမှာ စိန်တွေကိုတူးဖော်နေခဲ့ကြပါတယ်။

အခုအခါမှာတော့ ဒေသတရားစီရင်ရေးဌာနက အကြီး အကဲတစ်ဦးဖြစ်တဲ့ ဂျရတ်ကွန်ဘိုဇီက စိန်မိုင်းတွင်းကို ပိတ်ပစ်မှာဖြစ်ပြီး စိန်တွင်းကို

လာရောက်တူးဖော်တဲ့သူမှန်သမျှ ပြစ်ဒဏ်ချမှတ်မယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ကွန်ဘိုဇီကတော့ စိန်တူးဖော်ခဲ့တဲ့ အကျဉ်းသားတွေကို အပြစ်တင်ခဲ့ပါတယ်။

အကျဉ်းထောင်အစောင့်အပါအဝင် လူ(၃၀)ကျော်ဟာ မိုင်းတွင်းကိုတူးဖော်ခဲ့ကြကြောင်းနဲ့ အချို့ကလည်း စိန်သေတ္တာတွေနဲ့အလုပ်များနေပြီး အချို့ကလည်း

မြေကြီးမှာတူးဖော်နေတာတွေ့ခဲ့ရကြောင်း ပြောပြပါတယ်။ စိန်တူးသူတွေကတော့ (ဝ.၁) နဲ့ (ဝ.၁၅)ဂရမ် အသီးသီးရှိတဲ့စိန်တုံးတွေကို တူးဖော်ရရှိခဲ့ပြီး ရောင်းချခဲ့ပြီးဖြစ်ကြောင်း ဝန်ခံခဲ့ကြပါတယ်။