ထိုင္းနည္းပညာျဖင့္ သံပုရာပင္မ်ား မ်ိဳးပြားနည္း

သံပုရာပင္မ်ား မ်ိဳးပြားနည္း။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) စာဖတ္ပရိသတ္တို႔အတြက္ သံပုရာပင္မ်ား မ်ိဳးပြားနည္းအေၾကာင္းကို ဗဟုသုတျဖစ္ေစရန္ ျပန္လည္မ်ွေဝေပးလိုက္ပါတယ္။ (၁) က်န္းမာသန္စြမ္းေသာ

မ်ိဳးကိုင္းအရင့္မ်ားကိုေရြးခ်ယ္ရမည္။ ေရြးခ်ယ္ရာတြင္ အပင္၏ အညြန္႔ပိုင္းမ်ားကို လံုးပတ္ ၀.၂၅ လက္မေလာက္ အမ်ားဆံုးထားေရြးခ်ယ္ျပီးအညြန္႔မွ ေလးလက္မ ငါးလက္မစီျဖတ္ပါ။ ျပီးေနာက္ ထိပ္အညြန္႔ေလးမ်ားကိုျဖတ္ပါ

အရြက္ ေလးရြက္ငါးရြက္မွ်ခ်န္ထားပါ။ အရင္းပိုင္းကို လည္း ေစာက္သြားပံုျဖတ္ေပးပါ။ (၂) သင့္ရာျမစ္ပြားေဆးျဖင့္ နာရီဝက္ခန္႔ စိမ္ထားပါ။ (၃) ျမစ္သဲ ေခ်ာင္းသဲမ်ားကို ေဆးထားပါ ေရအေရာင္မရွိသည္ထိေဆးပါ။

ေရစစ္ျပီး ပ်ိဳးမည့္ကန္အတြင္း ၆ လက္မခန္႔ျဖည့္ပါ။ ကန္ကို အုတ္ကန္၊ ကြန္ကရစ္ကန္၊ ေျမကန္မ်ားသံုးနိုင္ပါသည္။ (၄) မ်ိဳးကိုင္းမ်ားကို မစိတ္မက်ဲ ထိုးစိုက္ေပးပါ။ ေရမႊားေလးမ်ား အရြက္မ်ား စိုရံုျဖန္းပါ၊ ျပီးလ်ွင္ ကန္ကို

မွန္(သို႔မဟုတ္) ပလပ္စတစ္ျပားျဖင့္ ဖံုးအုပ္ထားပါ။ ကန္သည္ ေနေရာင္တိုက္ရိုက္မက်ဘဲအလင္းေရာင္ ေကာင္းစြာရရန္ အထူးလိုပါတယ္။ ၄၅ ရက္ၾကာလ်ွင္ အညြန္႔သစ္ထြက္ျပီး အျမစ္မ်ားထြက္လာပါမယ္။

နွစ္သက္ရာ ပ်ိဳးအိတ္ ပ်ိဳးခြက္မ်ားျဖင့္ ေျပာင္းေရႊ႔စိုက္ပ်ိဳးနိုင္ပါျပီ။ ထိုင္းနည္းပညာျဖစ္ပါသည္ခင္ဗ်။ အခ်ိန္ေပးဖတ္႐ႈေပးၾကတဲ့ စာဖတ္ပရိသတ္အေပါင္းအား ေက်းဇူးအထူးတင္႐ွိပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္ စုိက္ပ်ဳိးေရး နည္းပညာ

ယူနီကုဒ်ဖြင့် ဖတ်ရန်

သံပုရာပင်များ မျိုးပွားနည်း။ စာဖတ်ပရိသတ်တို့အတွက် သံပုရာပင်များ မျိုးပွားနည်းအကြောင်းကို ဗဟုသုတဖြစ်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ (၁) ကျန်းမာသန်စွမ်းသော

မျိုးကိုင်းအရင့်များကိုရွေးချယ်ရမည်။ ရွေးချယ်ရာတွင် အပင်၏ အညွန့်ပိုင်းများကို လုံးပတ် ဝ.၂၅ လက်မလောက် အများဆုံးထားရွေးချယ်ပြီးအညွန့်မှ လေးလက်မ ငါးလက်မစီဖြတ်ပါ။ ပြီးနောက် ထိပ်အညွန့်လေးများကိုဖြတ်ပါ

အရွက် လေးရွက်ငါးရွက်မျှချန်ထားပါ။ အရင်းပိုင်းကို လည်း စောက်သွားပုံဖြတ်ပေးပါ။ (၂) သင့်ရာမြစ်ပွားဆေးဖြင့် နာရီဝက်ခန့် စိမ်ထားပါ။ (၃) မြစ်သဲ ချောင်းသဲများကို ဆေးထားပါ ရေအရောင်မရှိသည်ထိဆေးပါ။

ရေစစ်ပြီး ပျိုးမည့်ကန်အတွင်း ၆ လက်မခန့်ဖြည့်ပါ။ ကန်ကို အုတ်ကန်၊ ကွန်ကရစ်ကန်၊ မြေကန်များသုံးနိုင်ပါသည်။ (၄) မျိုးကိုင်းများကို မစိတ်မကျဲ ထိုးစိုက်ပေးပါ။ ရေမွှားလေးများ အရွက်များ စိုရုံဖြန်းပါ၊ ပြီးလျှင် ကန်ကို

မှန်(သို့မဟုတ်) ပလပ်စတစ်ပြားဖြင့် ဖုံးအုပ်ထားပါ။ ကန်သည် နေရောင်တိုက်ရိုက်မကျဘဲအလင်းရောင် ကောင်းစွာရရန် အထူးလိုပါတယ်။ ၄၅ ရက်ကြာလျှင် အညွန့်သစ်ထွက်ပြီး အမြစ်များထွက်လာပါမယ်။

နှစ်သက်ရာ ပျိုးအိတ် ပျိုးခွက်များဖြင့် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ။ ထိုင်းနည်းပညာဖြစ်ပါသည်ခင်ဗျ။ အချိန်ပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ် စိုက်ပျိုးရေး နည်းပညာ