ကိုဗစ္ကာလမွာ မထင္မွတ္ဘဲ လုပ္ငန္းရွင္ျဖစ္သြားတဲ့ (၁၉) ႏွစ္သမီးေလး

ကိုယ္ပိုင္စီးပြားေရးဆိုတာ လုပ္ငန္းႀကီးတစ္ခုကို ဦးစည္းေနတာမ်ိဳးမဟုတ္လည္းဘဲ တစ္နိုင္တစ္ပိုင္အေနနဲ႔ လုပ္လို့ရေနပါတယ္။ အခုခတ္ႀကီးထဲမွာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းရွင္ျဖစ္ဖို့က ဘြဲ႕ေတြ၊ ေက်ာေထာက္ေနာက္ခံေတြ၊ အရင္းအႏွီးအမ်ားႀကီးေတြ၊

အေတြ႕အၾကဳံေတြ၊ အသက္အရြယ္ေတြ မလိုေတာ့ပါဘူး။ စိတ္ကူးစိတ္သန္းေကာင္းဖို့ပဲ လိုအပ္ပါေတာ့တယ္။ ေနာက္ တကယ္ထလုပ္ခ်င္တဲ့ စိတ္တစ္ခုေပါ့။ ၾသစေၾတးလ်နိုင္ငံ Perth ၿမိဳ့မွ ဆယ္ေက်ာ္သက္ေကာင္မေလးကေတာ့ ကိုဗစ္ကာလအတြင္းမွာ

ကိုယ္ပိုင္လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္လို့သြားခဲ့ပါၿပီ။ သူမရဲ့ ကုမၸဏီေလးကေတာ့ Sugar Coat It ပါတဲ့။ ကုမၸဏီထက္စာရင္ တနိုင္တပိုင္ စီးပြားေရးလုပ္ငန္းေလးေပါ့။ သူမနာမည္ကေတာ့ Holly Northcott ပါတဲ့။ ၂၀၁၉ ခုႏွစ္ကတည္းက Sugar Coat It ကို

အိမ္မွာပဲ စမ္းလုပ္ၾကည့္ရင္း တည္ထာင္ခဲ့တာပါ။ ဘယ္လိုအရာေတြဝန္ေဆာင္မွုေပးသလဲဆိုေတာ့ ဂ်ယ္လီတို့၊ သၾကားလုံးတို့၊ ေခ်ာကလတ္တို့ စတဲ့ မုန႔္ေလးေတြကို လက္ေဆာင္ေပးဖို့ လွလွေလး ထုတ္ေပးတာမ်ိဳးေတြ၊ ဒါမွမဟုတ္လည္း ကိတ္မုန႔္တို့၊ ေန႔လည္စာတို့ကို

အရသာရွိရွိနဲ႔ လွလွပပေလး မွာစားခ်င္တဲ့လူေတြအတြက္ ဗူးေလးေတြနဲ႔ ပို့ေပးတာမ်ိဳးေပါ့။ အျပင္မွာလည္း ဝယ္လို့ရနိုင္တဲ့ ဂ်ယ္လီေတြ၊ ေခ်ာကလတ္ေတြကို ဘာေၾကာင့္ သူ႔စီကပဲ မွာေနၾကသလဲဆိုတာကေတာ့ Holly ရဲ့ ထုတ္ပိုးမွုေၾကာင့္လို့ပဲ သုံးသပ္ရမွာပါ။

ခ်စ္စရာေကာင္းမယ္၊ လွေနရမယ္၊ ဓာတ္ပုံရိုက္ဖို့လည္း မိုက္ေနရမယ္ဆိုတဲ့ ယေန႔ေခတ္လူငယ္ေတြရဲ့ လိုအပ္ခ်က္ေတြ အကုန္လုံးဟာ Holly ရဲ့ Sugar Coat It မွာ ေတြ႕ေနရပါတယ္။ အခုေခတ္က ဘာျဖစ္ျဖစ္ ဓာတ္ပုံရိုက္တင္တဲ့ေခတ္မဟုတ္လား။

(၁) ႏွစ္ေက်ာ္အၾကာမွာပဲ အရမ္းကိုေအာင္ျမင္ေနခဲ့ပါၿပီ။ ေနာက္ လိုက္ပို့ေတာ့လည္း သူမကိုယ္တိုင္ပဲ ကားလွလွေလးနဲ႔ လိုက္ပို့တာတဲ့ေလ။ ပထမစစခ်င္းမွာေတာ့ တစ္ပတ္လုံး ဒါမွမဟုတ္ တစ္လလုံးမွ Order ၁၀ ခုေလာက္ရခဲ့ေပမယ့္လို့ မွာၿပီး ဓာတ္ပုံရိုက္ကာ

သူမကို tag တြဲတင္တဲ့ စားသုံးသူေတြရဲ့ ေက်းဇူးေၾကာင့္ အခုဆိုရင္ တစ္ပတ္ကို ေအာ္ဒါ အခု ၂၀၀ မွ ၄၀၀ အထိကို ရေနခဲ့ပါၿပီတဲ့။ အထူးသျဖင့္ ကိုဗစ္ေၾကာင့္ အိမ္မွာပဲ မုန႔္မွာစားတဲ့လူေတြ၊ လက္ေဆာင္လွမ္းပို့တဲ့လူေတြေၾကာင့္ ေရာင္းအားဟာ

အဆေပါင္းမ်ားစြာ တက္သြားခဲ့ပါတယ္။ အခုေတာ့ သူမ၏ညီမ Hannah ႏွင့္ ပူးေပါင္းခဲ့ၿပီး Order မ်ားကို လိုက္လံပို့ေဆာင္ေနပါတယ္တဲ့။ Sugar Coat It ရဲ့ Instagram page ဆိုရင္လည္း ​ေဖာလိုးဝါး ေပါင္း ၃ ေသာင္းေတာင္ ျပည့္ပါေတာ့မယ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ကိုယ်ပိုင်စီးပွားရေးဆိုတာ လုပ်ငန်းကြီးတစ်ခုကို ဦးစည်းနေတာမျိုးမဟုတ်လည်းဘဲ တစ်နိုင်တစ်ပိုင်အနေနဲ့ လုပ်လို့ရနေပါတယ်။ အခုခတ်ကြီးထဲမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့က ဘွဲ့တွေ၊ ကျောထောက်နောက်ခံတွေ၊ အရင်းအနှီးအများကြီးတွေ၊

အတွေ့အကြုံတွေ၊ အသက်အရွယ်တွေ မလိုတော့ပါဘူး။ စိတ်ကူးစိတ်သန်းကောင်းဖို့ပဲ လိုအပ်ပါတော့တယ်။ နောက် တကယ်ထလုပ်ချင်တဲ့ စိတ်တစ်ခုပေါ့။ သြစတြေးလျနိုင်ငံ Perth မြို့မှ ဆယ်ကျော်သက်ကောင်မလေးကတော့ ကိုဗစ်ကာလအတွင်းမှာ

ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လို့သွားခဲ့ပါပြီ။ သူမရဲ့ ကုမ္ပဏီလေးကတော့ Sugar Coat It ပါတဲ့။ ကုမ္ပဏီထက်စာရင် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းလေးပေါ့။ သူမနာမည်ကတော့ Holly Northcott ပါတဲ့။ ၂၀၁၉ ခုနှစ်ကတည်းက Sugar Coat It ကို

အိမ်မှာပဲ စမ်းလုပ်ကြည့်ရင်း တည်ထာင်ခဲ့တာပါ။ ဘယ်လိုအရာတွေဝန်ဆောင်မှုပေးသလဲဆိုတော့ ဂျယ်လီတို့၊ သကြားလုံးတို့၊ ချောကလတ်တို့ စတဲ့ မုန့်လေးတွေကို လက်ဆောင်ပေးဖို့ လှလှလေး ထုတ်ပေးတာမျိုးတွေ၊ ဒါမှမဟုတ်လည်း ကိတ်မုန့်တို့၊ နေ့လည်စာတို့ကို

အရသာရှိရှိနဲ့ လှလှပပလေး မှာစားချင်တဲ့လူတွေအတွက် ဗူးလေးတွေနဲ့ ပို့ပေးတာမျိုးပေါ့။ အပြင်မှာလည်း ဝယ်လို့ရနိုင်တဲ့ ဂျယ်လီတွေ၊ ချောကလတ်တွေကို ဘာကြောင့် သူ့စီကပဲ မှာနေကြသလဲဆိုတာကတော့ Holly ရဲ့ ထုတ်ပိုးမှုကြောင့်လို့ပဲ သုံးသပ်ရမှာပါ။

ချစ်စရာကောင်းမယ်၊ လှနေရမယ်၊ ဓာတ်ပုံရိုက်ဖို့လည်း မိုက်နေရမယ်ဆိုတဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ လိုအပ်ချက်တွေ အကုန်လုံးဟာ Holly ရဲ့ Sugar Coat It မှာ တွေ့နေရပါတယ်။ အခုခေတ်က ဘာဖြစ်ဖြစ် ဓာတ်ပုံရိုက်တင်တဲ့ခေတ်မဟုတ်လား။

(၁) နှစ်ကျော်အကြာမှာပဲ အရမ်းကိုအောင်မြင်နေခဲ့ပါပြီ။ နောက် လိုက်ပို့တော့လည်း သူမကိုယ်တိုင်ပဲ ကားလှလှလေးနဲ့ လိုက်ပို့တာတဲ့လေ။ ပထမစစချင်းမှာတော့ တစ်ပတ်လုံး ဒါမှမဟုတ် တစ်လလုံးမှ Order ၁၀ ခုလောက်ရခဲ့ပေမယ့်လို့ မှာပြီး ဓာတ်ပုံရိုက်ကာ

သူမကို tag တွဲတင်တဲ့ စားသုံးသူတွေရဲ့ ကျေးဇူးကြောင့် အခုဆိုရင် တစ်ပတ်ကို အော်ဒါ အခု ၂၀၀ မှ ၄၀၀ အထိကို ရနေခဲ့ပါပြီတဲ့။ အထူးသဖြင့် ကိုဗစ်ကြောင့် အိမ်မှာပဲ မုန့်မှာစားတဲ့လူတွေ၊ လက်ဆောင်လှမ်းပို့တဲ့လူတွေကြောင့် ရောင်းအားဟာ

အဆပေါင်းများစွာ တက်သွားခဲ့ပါတယ်။ အခုတော့ သူမ၏ညီမ Hannah နှင့် ပူးပေါင်းခဲ့ပြီး Order များကို လိုက်လံပို့ဆောင်နေပါတယ်တဲ့။ Sugar Coat It ရဲ့ Instagram page ဆိုရင်လည်း ဖောလိုးဝါး ပေါင်း ၃ သောင်းတောင် ပြည့်ပါတော့မယ်။ ခရက်ဒစ်